ငွေကြေးတည်ငြိမ်မှုနဲ့ စိတ်ချမ်းသာမှုကိုရရှိစေဖို့အတွက် ယနေ့ခေတ်မှာ ကြွေးမြီတွေကို အကျိုးရှိရှိစီမံခန့်ခွဲခြင်းဆိုတာ အရေးပါတဲ့ကျွမ်းကျင်မှုတစ်ခု ဖြစ်လာပါပြီ။ တာဝန်ယူနိုင်တဲ့ အကြွေးတွေ၊ ပိုင်ဆိုင်မှုအကြွေးတွေ ဒါမှမဟုတ် ကြွေးမြီဆိုးတွေနဲ့ ရင်ဆိုင်နေရအချိန်မှာ အဲ့ဒီအရာတွေကိုစီမံခန့်ခွဲဖို့ နည်းလမ်းတွေကို သိရှိထားခြင်းက ငွေကြေးချမ်းသာသုခအတွက် သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုဖြစ်စေပါတယ်။
ပိုင်ဆိုင်မှုကြွေးမြီတွေကို ကြွေးမြီကောင်းများအဖြစ် သတ်မှတ်ပြီး တာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ကြွေးမြီတွေကို ကြွေးမြီဆိုးများအဖြစ် အမျိုးအစားခွဲထားတယ်ဆိုတာကို ဖတ်ဖူးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့သိထား တဲ့စည်းမျဥ်းတစ်ခုကတော့ သင်ကအကြွေးတွေမဆပ်နိုင်ဘူး ဒါမှမဟုတ် လိုတာထက်ပိုပြီး သင်ကအကြွေး တွေကိုထိန်းချုပ်နေမယ်ဆိုရင် အကြွေးတွေဟာ ပိုပြီးဆိုးဝါးလာနိုင်ပါတယ်။
အခုဆောင်းပါးမှာတော့ သင့်ရဲ့ငွေကြေးအခြေအနေတွေကို ထိန်းချုပ်ဖို့ လုပ်ပိုင်ခွင့်ပေးထားရင်း အကြွေးတွေကိုဆပ်ဖို့ ဒါမှမဟုတ် စီမံခန့်ခွဲဖို့အတွက် လက်တွေ့ကျတဲ့စည်းမျဥ်း စည်းကမ်းတွေနဲ့ နည်းဗျူဟာတွေကို ဝေမျှပေးသွားမှာပါ။ ဒါဆို ငွေမချေးခင် ဒါမှမဟုတ် ငွေချေးပြီးနောက် ဖြစ်လာနိုင်တဲ့အဖြစ်အပျက်နှစ်ခုကို သုံးသပ်ကြည့်လိုက်ကြမယ်။
က။ ငွေချေးဌားမယူခင် အောက်မှာဖော်ပြထားတဲ့အချက်တွေကို ကြည့်လိုက်ကြရအောင်။
သင့်ရဲ့ငွေကြေးအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခြင်းဖြင့် စတင်ပါ။ သင့်ဝင်ငွေ၊ အသုံးစရိတ်တွေ နဲ့ လက်ရှိအကြွေးတွေကိုသုံးသပ်ပါ။ ဒီလိုသုံးသပ်မယ်ဆိုရင် သင့်ငွေကြေးဆိုင်ရာတာဝန်ဝတ္တရားတွေကို သေချာနားလည်ပြီး အကြွေးစီမံခန့်ခွဲမှုအစီအစဥ်ရေးဆွဲမှုကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
အကြွေးတွေကို သင့်ရဲ့ဝင်ငွေတစ်စိတ်တစ်ပိုင်းထဲကနေ ပြန်ဆပ်နေရစဥ်မှာ မရှိမဖြစ်အသုံးစရိတ်တွေကို ကာမိဖို့အတွက် လက်တွေ့ကျတဲ့သုံးစွဲငွေစာရင်းတစ်ခုကို ဖန်တီးပြုလုပ်ပါ။ သင်ကချေးငွေယူဖို့အတွက် စဥ်းစားနေစဥ်မှာ အတိုးကုန်ကျစရိတ်တွေကိုကြည့်ပြီးတော့ လက်ရှိသင့်ရဲ့ငွေကြေးတိုးတက်မှုဖြစ်စဥ်က သင့်ရဲ့ကြွေးမြီတွေကင်းစင်လာတဲ့အထိ အချိန်ဘယ်လောက်ကြာကြာစောင့်ရမလဲဆိုတာကို စောင့်ကြည့် အကဲဖြတ်ပါ။ သင့်ရဲ့ကြွေးမြီစုစုပေါင်းဟာ သင့်အိမ်ထောင်စုဝင်ငွေ စုစုပေါင်းရဲ့ ၄၀ % ထက်မပိုသင့်ပါဘူး။
ငွေကြေးဆိုင်ရာပန်းတိုင်တွေကို အကောင်အထည်ဖော်ပြီး အကောင်းဆုံးကိုက်ညီလှုံ့ဆော်မှုကိုပေးမယ့် နည်းဗျူဟာကိုရွေးပါ။ ဥပမာ - သင်ကအချိန်ကြာလာတာနဲ့အမျှ တိုးတက်မှုအလားအလာရှိပြီး တည်ငြိမ်တဲ့အလုပ်တစ်ခုရှိတယ်ဆိုရင်တော့ အဲ့ဒီအကြွေးကိုပေးဆပ်ဖို့အတွက် အချိန်တိုချေးငွေရယူဖို့ စဥ်းစားကောင်းစဥ်းစားပါလိမ့်မယ်။ တစ်နည်းအားဖြင့် လာမယ့် ၁-၂ နှစ်အတွင်း ငွေပမာဏများများရမယ်လို့ မျှော်မှန်းထားပါက သင်ကသတ်မှတ်ထားတဲ့ ပုံသေအတိုးနှုန်းဖြင့် ချေးငွေရယူဖို့ရွေးချယ်နိုင်ပြီး သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ချေးငွေပြန်ဆပ်ဖို့ စီစဥ်နိုင်ပါတယ်။ Refinancing လို့ခေါ်တဲ့ ငွေပြန်ရှာဖွေပေးခြင်းနဲ့ ပတ်သတ်တဲ့ စည်းမျဥ်းတွေနဲ့ဆိုင်တဲ့ ထည့်သွင်းစဥ်းစားချက်တွေကိုလဲ စာချုပ်မှာ ဖော်ပြထားတဲ့အတိုင်းဂရုတစိုက်စစ်ဆေးဖို့လဲ အရေးကြီးပါတယ်။
သင့်အသုံးစရိတ်တွေကိုပြန်ဆန်းစစ်ပြီး အဲ့ဒီထဲက ပြန်လျှော့လို့ရမယ့်အရာတွေကို ရှာဖွေကြည့်ပါ။ အသုံးစရိတ်တွေကို မိမိအတွက် လိုက်လျောညီထွေမှုရှိအောင် လျှော့ချပါ။ မလိုအပ်ပဲနဲ့ ငွေထည့်ဝင်မှုတွေကိုမလုပ်ပါနဲ့။ သင့်နေစဥ်ဘဝမှာ ရွေးချယ်မှုတွေပြုလုပ်တဲ့အခါမှာလည်း ဂရုစိုက်ပါ။ နေ့စဥ်အသုံးစရိတ်တွေ ဒါမှမဟုတ် ဇိမ်ခံပစ္စည်းတွေအတွက် ပိုက်ဆံချေးငှားဖို့ မတွေးလိုက်ပါနဲ့။ ဒါ့အပြင် သင့်ဝင်ငွေတိုးလာစေဖို့အတွက် အခြားအလုပ်၊ အလွတ်တန်း လုပ်ငန်းလုပ်ကိုင်ခြင်း စတဲ့ဝင်ငွေတိုးစေမယ့် အခွင့်အလမ်းတွေကိုရှာဖွေပါ။ အပိုဝင်ငွေတွေကို ရှာဖွေခြင်းဟာ အကြွေးပြန်ဆပ်ဖို့နည်းလမ်းကို အရှိန်အဟုန်မြင့်မြင့်နဲ့ ဦးတည်နိုင်ပါ တယ်။
ခ။ ချေးငွေယူပြီးနောက် ကြွေးမြီတွေကိုထိထိရောက်ရောက်စီမံခန့်ခွဲဖို့အတွက် အောက်ပါနည်းလမ်းတွေကို စဥ်းစားပါ။
နိဂုံးချုပ်
ကြွေးမြီတွေကိုပြန်ဆပ်တဲ့အခါ ထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်းက ငွေကြေးလွတ်လပ်မှုနဲ့ လုံခြုံမှုကို ရရှိစေဖို့အတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်နေပါတယ်။ ကြွေးမြီတွေကိုပြန်ဆပ်ဖို့ စီမံခန့်ခွဲတဲ့နေရာမှာ စည်းကမ်း၊ စိတ်ရှည်မှုနဲ့ ညီညွတ်ဖို့လဲ လိုအပ်ပါတယ်။ ဒီစည်းကမ်းတွေနဲ့ နည်းဗျူဟာတွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် သင့်အကြွေးတွေကို ရန်သူကနေမိတ်ဆွေအဖြစ်သို့ ပြောင်းလဲပေးပါ လိမ့်မယ်။ သင့်ရဲ့ငွေကြေးခိုင်မာမှုအခြေအနေကို တာဝန်ခံမှုရှိခြင်းဟာ စိတ်ဖိစီးမှုကို လျော့ချပေးမှာဖြစ်ပြီး ပိုမိုလုံခြုံပြီး ကြွယ်ဝတဲ့အနာဂတ်ကို ပုံဖော်ပေးပါတယ်။