
Modus Operandi (MO) ဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ (၂) နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ MO ကုမ္ပဏီ ကနဦးစတင်ချိန်မှာတော့ ဝန်ထမ်း (၆) ဦးနဲ့ စတင်ခဲ့ပြီး အခု ၂၀၂၃ နှစ်ကုန်ချိန်မှာ ဝန်ထမ်းအင်အား (၁၄၂) ယောက်ကျော် ရှိလာပါပြီ။ စျေးကွက်ထဲ စတင်ဝင်ရောက်ချိန်မှစ၍ MO ဟာ စီးပွားရေးလုပ်ငန်းတွေနှင့် လူမှုပတ်ဝန်းကျင်ရှိ တစ်ဦးတစ်ယောက်ချင်းအတွက် ငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး သုံးစွဲသူပေါင်း (၅၀,၀၀၀) ကျော် ရရှိထားပါတယ်။
MO အနေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် MoBiz၊ MoBills၊ MoPayments နှင့် တစ်ဦးတစ်ယောက်ချင်းအတွက် MoMoney ငွေကြေးဝန်ဆောင်မှုများကို စိတ်အားထက်သန်စွာဖြင့် သုံးစွဲသူများထံ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒါ့အပြင် Fintech Industry မှာ Neo Bank လို့ ခေါ်ဝေါ်ကြတဲ့ ဒစ်ဂျစ်တယ်ဘဏ်ငွေကြေးဝန်ဆောင်မှုကိုလည်း ဘဏ်ဝန်ဆောင်မှုရရှိရန် မလွယ်ကူတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အဓိကရည်ရွယ်၍ ငွေပေးချေခြင်း၊ ချေးငွေပေးခြင်း နှင့် ငွေစုဆောင်းခြင်း အစရှိတဲ့ ဝန်ဆောင်မှုများကို ကူညီပေးစွမ်းနိုင်ဖို့ MO Team မှ ကြိုးစားနေပါတယ်။ MO သုံးစွဲသူ customer များအားလုံးအတွက် ငွေကြေးကိစ္စရပ်တွေကို MO-cosystem ဂေဟစနစ်တစ်ခုထဲမှာပဲ ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခု မှာ အေးဂျင့်ဆိုင်ပေါင်း (၆၀၀၀)ကျော်၊ မိတ်ဖက်ဆိုင်ပေါင်း (၅၀၀)ကျော် တို့နှင့်အတူ လက်တွဲလုပ်ကိုင်လျက်ရှိသလို အခြားတိုင်းဒေသကြီးများတွင် ထပ်မံတိုးချဲ့ဖို့ရှိပြီး မကြာခင် တစ်နိုင်ငံလုံး ဖြန့်ကျက်ထားမှာပဲ ဖြစ်ပါတယ်။ MO ရဲ့ စျေးကွက်ချဲ့ထွင်မှုဟာ ပြည်တွင်းတွင်သာမက အိမ်နီးချင်းအာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှာလဲ တိုးချဲ့ရောက်ရှိနေပြီဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက် MO ရဲ့ ငွေကြေးဝန်ဆောင်မှုဖြစ်တဲ့ လစာပေးချေမှုစနစ် နှင့် လစာကြိုထုတ် ဝန်ဆောင်မှု ကတော့ ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် International Finance Awards မှ ချီးမြှင့်တဲ့ "Best Growing Payment Solutions Providers" ဆုအား ယူဆောင်ပေးခဲ့ပါတယ်။ MoBiz ငွေကြေးဝန်ဆောင်မှုအသုံးပြုခြင်းဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ မိမိလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာ အသေးစိတ်ဖော်ပြထားတဲ့ MoBiz ဝန်ဆောင်မှုတွေက လုပ်ငန်းပိုင်းဆိုင်ရာ ငွေကြေးလည်ပတ်စီမံခန့်ခွဲရာမှာ ငွေသားကိုင်ဆောင်စရာမလို၊ ထိတွေ့မှုမလိုတဲ့ ငွေပေးချေမှုများကို မိုဘိုင်းဖုန်းနှင့် portal အွန်လိုင်းဝက်ဘ်ဆိုက် လမ်းကြောင်းတွေ ပေါ်ကနေတဆင့် ပိုမိုအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် စျေးကွက်မှာလည်း အရှိန်အားကောင်းစွာနဲ့ ထိုးဖောက်လျက်ရှိပါတယ်။ လက်ရှိမှာတေ့ MoBiz ရဲ့ လစာပေးချေမှုနဲ့ လစာကြိုထုတ် ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ လုပ်ငန်းပေါင်း (၂၀၀) ကျော်၊ လစာပေးချေမှုစနစ်ကို ရယူနေတဲ့ လုပ်ငန်း (၃၀) ကျော်အပြင် MoBiz ဝန်ဆောင်မှုကို လုပ်ငန်းကဏ္ဍနှင့် တစ်ဦးချင်းကဏ္ဍအလိုက် သုံးစွဲသူ စုစုပေါင်း (၄၀၀၀) ကျော် ရှိနေပါပြီ။
MoBiz ငွေကြေးဝန်ဆောင်မှုများ
- လစာပေးချေမှု နဲ့ လစာ ကြိုထုတ်ခြင်း
- လုပ်ငန်းအချင်းချင်း ငွေလွှဲခြင်း
- MoBiz မှ ပြည်တွင်းဘဏ်များသို့ ငွေလွှဲခြင်း
- ငွေသွင်း၊ ငွေထုတ်ခြင်း
- ဖုန်းဘေလ် ဖြည့်ခြင်း (တစ်ဦးချင်းနှင့် အစုအဖွဲ့လိုက်)
- မီတာဘေလ် ပေးဆောင်ခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်။
MoBills အကြောင်း အသေးစိတ်ဖတ်ရန်
- MoBills ဟာ Biller Aggregator တစ်ခုအဖြစ် MO မှ ဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်။ ပြန်လည်ရောင်းချသူနှင့် ဘေလ်လုပ်ငန်းများကို ချိတ်ဆက်ပေးထားတဲ့ platform တစ်ခုဖြစ်ပြီး ဘဏ်နှင့် ငွေကြေး၀န်ဆောင်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် အဓိကရည်ရွယ်ပါတယ်။ MoBills မှတဆင့် ချိတ်ဆက်ဆောင်ရွက်ထားခြင်းဖြင့် ဘေလ်ပေးဆောင်ခြင်းလုပ်ငန်းတွေနှင့် တစ်ခုချင်းစီ ချိတ်ဆက်စရာမလိုပဲ လက်တွဲစာချုပ်ချုပ်ဆိုရခြင်း လုပ်ငန်းစဥ်များကို လျှော့ချပေးနိုင်မှာဖြ်ပြီး အချိန်ကုန်သက်သာစေသလို ဆက်စပ်ကုန်ကျစရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အခု (၂)နှစ်တာကာလအချိန်အထိဆိုရင် MoBills မှ မိတ်ဖက်လုပ်ငန်း (၁၁)ခုနှင့် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပြီး MoMoney မှ ချိတ်ဆက်၍ ဒစ်ဂျစ်တယ်မိတ်ဖက်လုပ်ငန်း (၃)ခု နှင့် ဘေလ်ပေးချေခြင်း ဝန်ဆောင်မှုပေါင်း (၄၀) နှင့် ပူးပေါင်းလက်တွဲခဲ့ပါတယ်။
MoPayments အကြောင်း အသေးစိတ်ဖတ်ရန်
- MoPayment ဆိုတာ MO ရဲ့ Payment Gateway တစ်ခုပါ။ e-commerce လုပ်ငန်းတွေအတွက် e-wallet ငွေပေးချေမှု၊ ကတ်ငွေပေးချေမှုများနှင့် ဘဏ်အကောင့်အသုံးပြု၍ ငွေပေးချေမှုများကို e-commerce single platform မှတဆင့် လက်ခံရရှိနိုင်စေရန် ဝန်ဆောင်မှုပေးထားပါတယ်။ MoPayments နှင့် ချိတ်ဆက်ခြင်းကြောင့် e-commerce လုပ်ငန်းတွေအနေနဲ့ ဘဏ်တစ်ခုချင်းစီ၊ ငွေကြေး၀န်ဆောင်မှုတစ်ခုချင်းစီနှင့် ချိတ်ဆက်စရာမလိုပဲ သုံးစွဲသူဖောက်သည်တွေအား ငွေပေးချေမှုအမျိုးမျိုးကို ပေးဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
လူမှုဝန်းကျင်တစ်ခုလုံး အသုံးပြုနိုင်တဲ့ MoMoney မှာတော့ မိတ်ဖက်ဆိုင်ပေါင်း (၅o၀) ကျော်နဲ့ ချိတ်ဆက်ထားပြီးတော့ MoMoney အသုံးပြုသူ customer တွေအားလုံးအတွက် Loyalty Program ကိုလည်း ထည့်သွင်းပေးထားပါတယ်။ မိတ်ဖက်ဆိုင်တွေမှာ ငွေပေးချေဖို့အတွက် MoMoney QR Code ကို scan ဖတ်၍ အသုံးပြုခြင်းက အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး ဖြစ်စေမှာပါ။ MoMoney မှာ ဖုန်းဘေလ်ဖြည့်ခြင်း၊ ငွေထုတ်ခြင်းနှင့် ဘေလ်ပေးဆောင်ခြင်း အစရှိတာတွေကိုလဲ လုပ်ဆောင်နိုင်သလို သုံးစွဲသူတွေအတွက် ပရိုမိုးရှင်းတွေကို မကြာခဏ ပေးနေတဲ့အတွက် MO ရဲ့ social platforms ကနေ ဝင်ရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်။ MO ရဲ့ Referral ဝန်ဆောင်မှုနှင့် Loyalty Program တွေကတဆင့် သုံးစွဲသူတွေ ပိုမိုများပြားလာပြီး ဝန်ဆောင်မှုများအား အသုံးပြုရလွယ်ကူစေရန် မြှင့်တင်ပေးထားပါတယ်။
MoMoney ရဲ့ Loyalty Program ရှိ အဆင့် (၄) ဆင့် ကို အောက်မှာ ဖော်ပြထားပါတယ်။
- Baby MoMo
- MoMo Lay
- MoMo Gyi
- MoMo King
ကြက်ကြော်ကနေ Bubble Tea ဆိုင်မှ အီလက်ထရောနစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းတွေအထိ ရွေးချယ်စရာတွေများတဲ့ မိတ်ဖက်ဆိုင်ပေါင်း (၅၀o) ကျော်အား လက်တွဲထားပြီး ရည်မှန်းချက်အပြည့်နဲ့ ဒီထက်မက တိုးချဲ့သွားဖို့လဲ ရှိပါတယ်။
မတူကွဲပြားတဲ့ MO ရဲ့ နောက်ထပ်ငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ ငွေချေးဝန်ဆောင်မှု MO MFI (MO Microfinance) ကလဲ MO ရဲ့ အခြားဝန်ဆောင်မှုများနည်းတူ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုပတ်ဝန်းကျင်ရှိ တစ်ဦးတစ်ယောက်ချင်းရဲ့ လူနေမှုဘဝကို တိုးတက်စေဖို့ ရည်ရွယ်ပါတယ်။ MO MFI ဝန်ဆောင်မှုမှာတော့ အသေးစားချေးငွေအဖြစ် ဝင်ငွေနည်းအိမ်ထောင်စုများ၊ ဝန်ထမ်းများ အတွက် ကိုယ်ပိုင်ချေးငွေနှင့် အုပ်စုချေးငွေများကိုလည်း ဆက်လက်ပံ့ပိုးပေးမှာပဲဖြစ်ပါတယ်။
MO ရဲ့ အဓိကမျှော်မှန်းချက်က အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုပတ်ဝန်းကျင်ရှိ တစ်ဦးတစ်ယောက်ချင်းမှ မိမိရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ငန်းငွေကြေးကို ကိုယ်တိုင်ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ MO-cosystem ဟေဂစနစ်ဖြင့် ဆန်းသစ်တဲ့ နည်းပညာကိရိယာတွေနဲ့ အရင်းအမြစ်တွေ ပေါင်းစပ်ပြီး ဖွံဖြိုးဆဲနိုင်ငံတွေရှိ ဘဏ်ဝန်ဆောင်မှုရရှိရန် မလွယ်ကူတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်ဦးတစ်ယောက်ချင်းအား ငွေကြေးဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် MO Foundation ကနေ ငွေကြေးတတ်မြောက်မှုဆိုင်ရာ အသိပညာဗဟုသုတတွေကိုလဲ ကူညီဆောင်ရွက်လျက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုအတွက် ငွေကြေးအသိပညာမျှဝေခြင်းဟာ အရေးပါတဲ့ ကျောထောက်နောက်ခံတစ်ခုဖြစ်ပြီး အခုလို လူမှုအကျိုးပြုခြင်းကိုလဲ ငွေကြေးဝန်ဆောင်မှုစျေးကွက်ထဲမှာ ပြိုင်ဘက်တွေနဲ့မတူညီပဲ ပံ့ပိုးကူညီဆောင်ရွက်နေတာပဲဖြစ်ပါတယ်။
ဒီနှစ်မှာ MO အနေနဲ့ ရရှိခဲ့တဲ့ ဆုတွေကတော့
- Modus Operandi: Asia Fintech Awards – WINNER – Rising start of the Year 2023
- Modus Operandi: Global Brand Magazine – Most Innovative Fintech Company Myanmar 2023
- Modus Operandi: International Finance Awards 2023 – Most Innovative FinTech Company Myanmar 2023
- Modus Operandi: Asia Technology Excellence Awards – Myanmar Technology Excellence Awards 2023
MO Founder and CEOမှ မှတ်ချက်စကား
“မိုကိုစတင်တည်ထောင်ခဲ့တာ အခုဆိုရင်နှစ်နှစ်ပြည့်ခဲ့ပါပြီ။ အခုလို အံ့သြစရာ ကောင်းတဲ့ MO Teamနဲ့ အတူ အလုပ်လုပ်ရပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေ ဖြတ်သန်းရတာ အချိန်ကုန်မြန်လှပါတယ်။ MO Team အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်အောင်ပဲ အမှန်တကယ် ဂုဏ်ယူရပါတယ်။ အနာဂတ်မှာ အတူကြိုးစားပြီး ဆက်လက်ချီတက်လျှောက်လှမ်းကြပါစို့လို့ ပြောချင်ပါတယ်။”
နှစ်သစ်ဆုတောင်း
၂၀၂၃ခုနှစ်မှာ MO နဲ့အတူတကွ ပူးပေါင်းလုပ်ကိုင်ပေးကြတဲ့ မိတ်ဖက်လုပ်ငန်းများ၊ MO ဝန်ဆောင်မှုများကို အားပေးကြတဲ့ အသုံးပြုသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိလိုပါတယ်။ နှစ်သစ်မှာ အောင်မြင်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားပါစေလို့ MO မှ ဆုမွန်ကောင်းတာင်းလိုက်ပါတယ်။
ဝေါဟာရ:
- MSME businesses (Ministry of Micro, Small & Medium Enterprises)
- MFS (Mobile Financial Services)
- MFI product (Microfinance institutions)
- MO-cosystem (MO’s Ecosystem)
ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့
Quick Links
Singapore
68 Circular Road, #02-01, Singapore 049422
Myanmar
Tower B, Level 3, 66-76, Corner of Merchant Road and Pansodan Street, Kyauktada Township, Yangon 11182, Myanmar
Thailand
Ekkarnai – 30 Sukhumvit Soi 61, Khlong Tan , Watthana, Bangkok,10110
Vietnam
No. 22, Lane 20 Ho Tung Mau, Mai Dien Ward, Cau Giay District, Hanoi City, Vietnam






Follow us on
Copyright © 2023 MO. All rights reserved.